Monday, December 22, 2008

အဖြေမသိတဲ့မနက်ဖြန်

ဟိုနေ့က မင်းနဲ့
ချစ်သူတွေစဖြစ်ခဲ့တယ်....
သဘောထားကွဲလွဲတာ
အချင်းချင်းနားလည်မပေးနိုင်တာ
ဒါတွေကို......
မနေ့ကမှသိလိုက်ရတယ်။

ဒီနေ့ကျတော့
တို့နှစ်ယောက်
ရန်ဖြစ်ခဲ့ကြတယ်....
ချစ်လွန်းလို့ဖြစ်ခဲ့ရတာပါကွာ

အခုတော့
မနက်ဖြန်ဆိုတဲ့ နေ့တွေကို
တို့ သိပ်ကြောက်နေမိပြီ။
မနက်ဖြန်ဆိုတဲ့နေ့မှာ
မင်း တို့ကို
ထားခဲ့မှာလားဟင်??